Wednesday, March 16, 2011

“တိုင် ပေါ် အလံ စိုက် ချင်...အပိုင် နော် ကြံလိုက် ရှင်”
ဂျော်ဒီး
မတ် ၁၅၊ ၂၀၁၁

"ဟင်းရွက် ကန်စွန်း လွှတ်တော်ကြီးတွင်မူ.... မည်သည့် သတင်းထောက်ကို မဆို... လွတ်လပ်စွာ သတင်းယူခွင့် ပြုသတဲ့"

ရှိ တာ လေးနဲ့ ၀အောင် စား ဆိုတဲ့ ဆောင်ပုဒ်ကို တိတိ ကျကျ လိုက်နာရင်း.. ဈေးထဲ ရောက်သည်နှင့် ၀ယ်နေကျ ဖောက်သည်ကြီး ဒေါ်ဆိတ်မ ဆိုင်ဖက်သို့ ဂျီးဒေါ်၏ ခြေဦးက အော်တိုမစ်တစ် လှည့်ပြီးသား...။

ကန်စွန်းရွက်သည်ကြီးဒေါ်ဆိတ်မတို့တသိုက်.. အမေး အဖြေ.. အဆို ပြုချက်တွေနဲ့.. ဟင်းရွက် ကန်စွန်း လွှတ်တော် ကျင်းပ နေသည်နှင့် ကြုံကြိုက် နေပေရာ... ဗဟုသုတ အလို့ ငှာ .. ဂျီးဒေါ် တယောက် လွှတ်တော် သတင်းထောက် လုပ်လိုက်သေးတယ်....။ (စကားချပ်.... ဟင်းရွက် ကန်စွန်း လွှတ်တော်ကြီးတွင်မူ.... မည်သည့် သတင်းထောက်ကို မဆို... လွတ်လပ်စွာ သတင်းယူခွင့် ပြုသတဲ့)


“ညက အိမ်ကဟာကြီး အမူး လွန်လာတာ..။ ဘာ ရ မလဲ.. အချိုမှုန့်ကို ရေနဲ့ ဖျော် တိုက် လိုက် တာ...။ အမူး တွေ ဘယ်နေမှန်း မသိအောင်..ဘဲ”

“အချိုမှုန့် စွမ်းပုံများ.. ဟင်းခတ်သာမက.. အနာတောင် သိပ်လို့ ရသဟဲ့..။ သွေးစိမ်းရှင်ရှင် ထွက် နေတဲ့...ဒဏ်ရာ၊ ဟက်တက်ကွဲများ.. အချိုမှုန့်လေး သိပ်လိုက်.. သွေး ချက်ချင်း တိတ်တာ.. ဘာဆေးမှ မလိုဘူး”

“ဟဲ့ . ညည်းလူ ကြည့် ရတာ .. ပိန်ပြီး .. တကိုယ်လုံး အနာတွေလည်း ပွလို့..။ ဟိုဟို ဒီဒီ ရောဂါများလား..။ ဆရာဝန်လေး ဘာလေးနဲ့ ဆေးစစ်ကြည့်ဦး”

“တတ်နိုင်ဘူး..အေ။ အပြင် ဆေး ခန်း လည်း မကပ် နိုင်..။ အခမဲ့ ဆေးကုပေးမယ်လို့ ဆိုင်းဘုတ် ကပ်ထားတဲ့....ပြည်သူ့ ဆေးရုံ တွေမှာလည်း ဆေး မပြောနဲ့ ပတ်တီးလိပ်တောင် မရှိ..။ အခုတော့... နွယ်မြက်သစ်ပင် ဆေးဖက်ဝင် .. ဆိုတဲ့အတိုင်း.. ဘိစပ်ရွက် လို့ ခေါ်တဲ့ ခွေးသေးပန်းရွက်တွေ ကျိုသောက် တယ်...။ စူလာ နဖာ ဆိုလား...စုံစီနဖာ ဆိုလား..၉၆ ပါး ရောဂါ ပျောက်တဲ့ အရွက်တွေ.. လမ်းဘေး မြက်ခင်းထဲ ... အလကား ခူးစမ်း..။ တပြားမှ မကုန်ဘူး...”

“အဲဒါ တွေ က.. ရောဂါရော တကယ် ပျောက်ရဲ့လား ဟဲ့..”

“တတ်နိုင်ဘူးလေ..မပျောက်ကာမှ သေရော..”

သြော်... သူတို့ ဟင်းရွက် ကန်စွန်း လွှတ်တော်က .. လူထုကျန်းမာရေး စောင့် ရှောက်ရေးတွေ ဆွေးနွေး နေတာပါလား။ ကဲလေ..ဟင်း ချက်ရဦးမှာမို့ သတင်းထောက်လှမ်းခြင်းကို ခေတ္တ ရပ်ကာ.. ကန်စွန်းရွက် ၂စည်း အမြန်ဝယ်ပြီး လစ်မယ် ကြံတုန်း..

“အိမ်က အငယ်ကောင်လေးတော့ ၂ တန်းနဲ့ ကျောင်းထုတ်ပြီး.. လက်ဖက်ရည်ဆိုင်မှာ အလုပ် သွင်းထားလိုက်တယ်..။ သူတို့ကျောင်းတွေက ပိုက်ဆံ ကုန်ပြီး..ဘာမှ မတတ်တဲ့ အတူတူ.. ထား မနေ တော့ ဘူး..။ လက်ဖက်ရည်ဆိုင်မှာနေရင်..ပိုက်ဆံလဲရတယ်..။ တော်ကြာရင်...အဖျော် ပညာတွေ အကြော် ပညာတွေ တတ် တော့.. အသက် မွေး ၀မ်း ကျောင်း ပညာ တခု တတ်တာပဲလေ.. ဟုတ်ဖူးလား”

အမယ်.. ပညာရေး တွေလည်း ဆွေး နွေး ကြတာ ကိုး ။ သူတို့ လွှတ်တော်မှာ မေးကြမြန်းကြ ဆွေး နွေး ကြတာ..ထင်သာ မြင်သာ ထွင်း ဖောက် မြင်ရ ပုံများ.....။ မေးခွန်းတွေ အဆိုတွေ လည်း.. ၁၀ ရက် ၁၅ ရက် ကြို တင်ပြထားစရာမလို..။ ကိုယ် မကြိုက်တဲ့... မေးခွန်း တွေ မို့ ပယ်ချမယ့်သူလည်း မရှိ...။ အဆို တွေကို ပြန် ရုပ်သိမ်းခိုင်းမယ့်သူလည်း မရှိ...။ ဘယ်သူ့မှ ကြောက်နေစရာ မလို....။ ကိုယ် ကြိုက် ရာ လွတ်လွတ် လပ်လပ် ပွင့်ပွင့် လင်းလင်း မေးစမ်း ပြောစမ်း..။ ကောင်းလေစွ...လို့ ရေရွတ်ပြီး ဂျီးဒေါ် အိမ်ပြန်လာရင်း.. လမ်းဘေး အမှိုက်ပုံကြီးမှာ ပလတ်စတစ် ကောက် နေတဲ့ ကလေး တသိုက် ကို မြင်တော့..

“ဟဲ့  ..ကလေးတွေ နေပူပူမှာ ဘာတွေ လုပ် နေကြတာ လဲ” လို့ စပ်စုမိလို့...အသက် (၆)နှစ် အရွယ် နှပ်ချေး တွဲ လောင်း ကိုယ် တုံး လုံးနဲ့ ကလေးငယ် က..

“တဘာဝ ပတ်ဝန်းကျင်.. ထိန်းတိန်း နေတာဂျ..။ ခင်ဂျားတို့ စည်း မဲ့ ကမ်း မဲ့ ပစ် ထားလို့... ကဘာကြီး မကျက်စီးရအောင်..လိုက်ကောက် နေရတာဂျ” လို့ မျက် နှာထား တင်းတင်းနဲ့ဟောက်စား လုပ်တာ ခံ လိုက် ရ တယ်..။ ဂျီးဒေါ် စိတ် ထဲ မှာ တော့..

“ယလဲ့.. တို့ တိုင်း ပြည် မှာ ပလတ်စတစ် ကောက် တဲ့ ကလေးလေးတွေတောင်.. သဘာဝ ပတ်ဝန်းကျင် ထိန်း သိမ်း ရေး တွေ သိနေပြီ” လို့ ဂုဏ်ယူစွာ..တွေးရင်း..ဆက်လျှောက် လာတော့လဖက်ရည် ဆိုင် ထဲ က...စီးပွါး ရေး ပညာ ကို လက်တွေ့ ကွင်းဆင်းနေတဲ့ ကလေးတယောက်ရဲ့  အသံ ကို ကြားလိုက်ရပြန်တယ်..။

“ချို စိမ့် ပါဆ.ယ်..၅၀၀၊ ပဲ ပလာ တာ ..၂၀၀။ ပေါင်း ၇၀၀..။ ၁၀၀၀ တန် ပေးတယ် ..ဆရာ။ အကြွေ မရှိဘူး...တစ်သျှူး ၃ ထုပ် ပြန်အမ်းမယ်.. ဆရာ”

အမယ်... တို့ တိုင်း ပြည်က ကလေး တွေ..သူ့ နယ်ပယ်နဲ့သူ လက်တွေ့ အသုံးကျတဲ့ ကျောင်းပြင်ပ ပညာ ရေး တွေ မှာ အဆင့် မြင့် သားပဲ...လို့ တွေးရင်း...ဂျီးဒေါ် ကျေနပ် လို့။

"တို့ တိုင်း ပြည်က ကလေး တွေ..သူ့ နယ်ပယ်နဲ့သူ လက်တွေ့ အသုံးကျတဲ့ ကျောင်းပြင်ပ ပညာ ရေး တွေ မှာ အဆင့် မြင့် သားပဲ"

ထိုစဉ် မျက်နှာချင်းဆိုင်မှ.. မျက်နှာ ၁၆ ခေါက်ချိုး .. ရှူသိုးသိုးနဲ့ တူတော်မောင် သာဂိ။ ပါးစပ်ကလည်း ပွစိ..ပွစိ..။

“ဘယ် နှယ့် ဗျာ.. နိုင်ငံတော် ဘတ်ဂျက် အသုံးစာရင်း တဲ့..။ ကာကွယ်ရေး အသုံးစရိတ်တွေကျ ထင်တိုင်း သုံး ထား လိုက် တာ...။ ဘယ်သူမှ စစ်ဆေး မေးမြန်းခွင့် မရှိ တဲ့...။ သူ့ အမေ့လင် ပိုက်ဆံသုံးနေတာ ကျနေတာပဲ”
“ဟဲ့ ..သာဂိ.. လမ်းလည်ခေါင်ကြီးမှာ..စကားကို ကြည့်ပြောပါဟဲ့..။ ထောက် လှမ်း ရေး တွေထက်.. ဘာမဟုတ် ညာမဟုတ်...သတင်းပေးတွေ ပိုကြောက်နေရတဲ့ ခေတ်ကြီးနော်။ လာ..လာ.. အိမ်ရောက်မှ ပြော..”

“ဂျီးဒေါ်ရာ.. မှန်တာ ပြောတာပဲ..။ ကြည့်ပါဦး.. ၁၅ မိနစ် ရယ်ဒီမိတ် လွှတ် တော် ကြီး ငုတ်တုပ် ထား ပြီး..ထိပ်ပေါ် ခွထိုင် ထုတ်ချင်တိုင်း ထုတ်နေတဲ့ နိုင်ငံ တော် အမိန့် ပြန် တမ်း တွေ သတင်း ကြားလာလို့ဗျို့ ..။ တိုင်း ပြည် ရဲ့  ကျန်းမာရေးနဲ့ ပညာရေး အသုံးစားရိတ် ရာခိုင်နှုန်းတွေကျ နည်းလိုက်တာ ဗျာ..။ မြင်မကောင်း ရှု မကောင်း..”

“သြော် .. ဒါလား..။ စိတ် မပူ ပါနဲ့....။ တပြား မှ မသုံးလည်း ဖြစ်တယ်..။ တို့ ပြည်သူတွေမှာ ကျန်းမာရေးနဲ့ ပညာရေးအတွက် ကိုယ့်ဘတ်ဂျက်နဲ့ကိုယ် ဖန်တီးနိုင်စွမ်း အပြည့်..။ ခုဘဲ..ဟင်းရွက် ကန်စွန်း လွှတ် တော် မှာ ဆွေးနွေး နေတာတွေ ကြား လာတာ..”

ဂျီးဒေါ်က.. အခြေခံ လူတန်းစားတွေ ပညာရေးနဲ့ ကျန်းမာရေးကိစ္စတွေ အခြေခံ ကျကျ ဖြေရှင်း နေပုံတွေကို အခုလေးတင် သူကြားလာသမျှ အရင်းတိုင်း ဖောက် သယ် ချ လိုက် မှ (၁၆) ခေါက် ချိုးထားတဲ့..သာဂိ ရဲ့  မျက် နှာ ဟာ (၂၄) ခေါက် ချိုး အောင် ဒေါသနဲ့ ပုတ်သိုး သွားရင်း..

“အင်း.. ဒါ ကြောင့် ဟို ကျန်းမာရေးဝန်ကြီး မဟောင်း တဟောင်းကြီးက..၀င်ငွေနည်း ပြည်သူများ ဆေးကုသခွင့် အာမခံ အဆိုကို ပယ်ချ လိုက်တာကိုး..။ ဆင်းရဲ နွမ်းပါးသူ များကို အခမဲ့ ဆေးကုပေး နေပါတယ် တဲ့... ပေါ ရဲ လိုက် တာ..။ ဒင်း ကို.. ၁၅ မိနစ် လွှတ် တော်ကနေ .. ဟင်းရွက် ကန်စွန်းလွှတ်တော်ကို..လေ့ လာရေး ပို့ ပေးရမယ်..ဟင်းးး”

“အေး..ဟုတ်တယ်..။ ဒါ မှ..ပြည်သူတွေ ဘာဖြစ် နေတယ် သိမှာ..။ ခုတော့ သူတို့ ခမျာ လဲ ၁၅ နစ် လွှတ်တော်မှာ...ထောင်ကျနေကြရှာတယ်..သနားစရာပါကွယ်”

“သူတို့..၁၅မိနစ် လွှတ် တော်ကြီး ကလည်း ဗျာ.. ကျင်းပတာ ( ၁) လသာ ကျော်လာတယ်..။ လွှတ်တော်က ရွေး ချယ် လိုက် တဲ့ သမတကြီး ခမျာ လည်း..ခုထိ..၀န်ကြီးချုပ် ဘ၀နဲ့ ဘဲ..မင်းတြားကြီးလား... စစ်ကောင်စီ ငှက်ကဌကြီးလား..ဘာကြီးလား မသိ သေးတဲ့ ပေါတာကြီး တိုင်းခန်း လှည့် လည် တဲ့ နောက်က.. ကုပ် ချောင်းချောင်းလေး လိုက် နေရ တုံး..”

“ဟဲ့ ...အဲဒါ ကျမ်းသစ္စာ မကျိန် ဆိုရသေးလို့ ပါဟဲ့.. သာဂိရဲ့ ”

“ကျမ်း သစ္စာကလည်း...ပေါတာ ကြီး မာလက ဈန်ကြွမှ ဆိုမှာလားမသိ....။ ကျမ်းသစ္စာ မဆိုရသေး ဘဲနဲ့ လဲ ၀န်ကြီး ဌာနတွေ..၀န် ကြီးအဖွဲ့တွေတော့ ဖွဲ့ ..။ သူ့ဖွဲ့ တဲ့ ၀န်ကြီး အဖွဲ့  လည်းသူ့လိုပါဘဲ..။ လက်ရှိ လွှတ် တော် မှာ လွှတ် တော်ကိုယ်စားလှယ် တွေမေးတဲ့ မေးခွန်းတွေကျတော့  လည်း...ဖုန် တက် နေတဲ့..၀န်ကြီး အဟောင်း အမြင်း ကြီးတွေကဘဲ ဝေ့ လည် ကြောင် ပတ် တွေ လာ ဖြေ လို့..။ လွှတ် တော် ထဲ မှာ..၀န်ကြီးအဟောင်းတွေ ရော အသစ် တွေ ရော..ရှုပ်ရှက် ကို ခပ်လို့..”

“အေး ပါဟယ်.. ပေါတာကြီး ကြိုးဆွဲ ရာ ကရတဲ့ လွှတ်တော်ဆိုတော့ လည်း..ပေါ တော တော လွှတ်တော်ကြီးပဲ ဖြစ် မှာ ပေါ့ ဟယ်..”

“အင်း..အခု နောက် ဆုံး ထုတ်လိုက်တဲ့..စကားရပ် များ အစားထိုး ခြင်းဆိုင် ရာ ဥပဒေ ဆိုတာ ပေါ်လာပြန် တော့..သူတို့ ၁၅ မိနစ် လွှတ် တော် ထဲ မှာကို..စင်ပြိုင် အစိုးရ ၂ရပ် ဖြစ်နေပြီဗျို့ ။ လွှတ်တော်က ရွေးထားတဲ့ နိုင်ငံတော် သမတ ကြီး ဦးသိန်းဂိန် ကို.. နိုင်ငံတော် ရဲ့  မူလ ပထမ သမတ ချုပ်ချုပ်ကြီး ပေါတာက “ငါ သာလျင်..တရားဝင်..မယားကြီး.. အဲလေ ..သမတကြီး”... လို့ ကြော်ငြာထုတ်လိုက် သလိုပါပဲ ဗျာ..ဟား...ဟား...ဟား”

ထို စဉ်.. လမ်းမပေါ်မှ ထီလှည်းက ဖွင့်လိုက် သော သီချင်းတပုဒ် ပျံ့လွှင့်လာလေသည်..။

“အလှူရှင်မှန်း အားလုံး သိကြ ပါတယ် ရှင်... တိုင်ပေါ် အလံစိုက်ချင်.... အပိုင်နော် ကြံလိုက်သရှင်”

No comments:

Post a Comment