Tuesday, November 16, 2010

Thieves Day of Burma

“ခြင်္သေ့မနိုးပွဲ”
ဂျော်ဒီး
နိုဝင်ဘာ ၁၇၊ ၂၀၁၀

“ဟေး … သာဂိ…။ တူကလေး မောင်သာဂိ…။ အိပ်ပျော်နေသလား။
ထတော့ … ထ တော့…။ ဒေါ်စု လွတ်ပြီဟေ့…။ တကယ် လွတ်လာဘီဟ…”

ဒီတခါ အော်ကြီးဟစ်ကျယ် လုပ်လာသူက ဂျီးဒေါ်…။ မျက်နှာကြီး တခုလုံးလည်း သကာအိုးထဲ ပြုတ်ကျထားသလို ချို ပြုံး ရွှင်လို့။ သာ ဂိ ကား သူ့ထုံးစံအတိုင်း မြန်မာ့မလင်း၊ ကြေး မှုန်တုန်တုန် တို့ကို ရှေ့ တွင် ချပြီး ဘာတွေ ဘီးဇီး နေသည် မသိ။

“လမ်းထိပ်အိမ်မှာ DVB သွား ကြည့် ပြီး ပြန်လာတာ သာဂိရေ … ။ ဒေါ်စု လွတ်လာမှာကို စောင့်နေတဲ့ လူထု ပရိသတ် ကြီး က မနည်းပါလားဟယ် သာဂိရေ … ။ မျက်နှာတွေကလည်း ပြုံးရွှင်လို့။ ဟို တအိမ် တယောက် မလာ မနေရ လူစုထားတဲ့ ဖွတ် လူထု အစည်း အဝေး ပွဲ ကြီး တွေမှာ မြင်ရတဲ့ မျက်နှာတွေနဲ့တော့ တခြားစီဘဲဟေ့”

သတင်းစာ တထပ်ကြီး ကြားမှာ မင်နီတွေ မင်ပြာတွေ တားရင်း အလုပ် ရှုပ်နေရှာသော မောင်သာဂိက …
“အင်းးး ဒါ့  ကြောင့် ဆရာကြီး ဦးဝင်းတင်က ဒေါ်စု လွတ်လာတာဟာ မိုးကြီး တမိုး ရွာချလိုက်လို့ လောက တခွင်လုံး မိုးရေကြောင့် အေးမြ လန်းဆန်းသွားသလို ဖြစ်လိမ့်မယ်လို့ ပြောတာ။ တကယ် မှန်တာဘဲဗျ”

“အေးဟယ် … တချိန်လုံး အနိုင်ကျင့် ခံလာရလို့ ညှိုးနွမ်း နေတဲ့ ပြည်သူလူထုတွေမှာ ဒေါ်စုကို တွေ့လိုက်ရတော့ မိုးရေစက်တွေ ဖြန်းခံ ရတဲ့ သစ်ပင် ပန်းမာလ် တွေလိုဘဲ … လန်း လို့ ရွှင် လို့…”

“အင်း…ဒါ ပေမယ့်… အဲ ဒီ မိုးကြီးက ပြည်သူတွေကို လန်းစေပေမယ့် နေပြည်တော်က တချို့ သူတွေ ကတော့ စေတ နာမမှန်ရင် ရေ ဘေး ဒု က္ခ သယ် ဖြစ် သွား နိုင် တယ် ဗျ။ ဟီးဟီး…”

“ဟေ … ဟုတ် လား…။ ထမင်း ထုပ် ကလေး ဘာလေး လို ရင် လဲ ပြောပါ ဦး ဟဲ့ … သာဂိ ရဲ့ …”

“အဲ ဒါ ကြောင့် ဂျီး ဒေါ် ကို ဝေးတယ် ပြောတာ…။ သူ တို့ က ထမင်း ထုပ် မလို ဘူး … ဗျ။ စေတနာ မမှန် ရင် ရေ ဘေး ဒုက္ခ သယ် တွေ ဖြစ် မယ့် သူက ပေါ တာကြီး နဲ့ အပေါင်းပါ တစု။ ကဲ … ထမင်းထုပ် ပေးချင် သေးလား…”

“ဟီး ဟီး… သူ တို့ ဆို ရင် တော့ သူ့ စရိတ် နဲ့ သူ သွား ပါ စေ ကွယ်။ ရေ ကြီး ရင် ကိုယ် တူး ထားတဲ့  လိုင် ခေါင်း ကြီး တွေ ထဲ သာ ၀င် ပုန်း နေ ကြ လို့ ပြောလိုက် ဟေ့”

“ပြည့် မေတ္တာ ခံယူတဲ့ သားပေမို့ ရေ တိမ် တိမ် မှာ နှာခေါင်းဖော် သေ ပါ့ မယ် အမေရဲ့  လို့ သာ ဟစ်လိုက်တော့ ကိုပေါတာ …သွပ်သွပ်သွပ်…”

“ဒါနဲ့ … နေပါဦး သာဂိ … သတင်းစာတွေနဲ့ ဘာတွေ အလုပ်ရှုပ် နေသတုံး…”

“အဲ ဒါ ပေါ့ ဂျီးဒေါ် … ပျော်နေယုံ နဲ့ မပြီးသေးဘူး ဗျ…။ နိုင် ငံရေး အကျဉ်းသား ၂၀၀၀ ကျော်လည်း ထောင်တွေထဲမှာ ကျန် နေသေးတယ်။ နောက်ပြီး လူထုက ရွေး ဂေါက် ပွဲ ရလဒ် အညစ် အပတ် တွေကို မကျေ မနပ် ဖြစ် နေတုံး ဒေါ်စုကို လွှတ်ပေးလိုက်တော့။ လူထု အာရုံက ဒေါ်စုဆီ ရောက်နေတုံး ရွေးဂေါက်ပွဲရလဒ်တွေကို တက်သုတ်ရိုက် ကြေညာနေတာ။ ဒီမှာ သတင်းစာတွေထဲမှာကို အရူးချီးပန်း လုပ် ချင် ရာ တွေ လုပ်ထားတာ တွေ့ နေ ရ တယ် ဗျ”

“အင်းရွေး ဂေါက် ပွဲ နေ့ ကလည်း ပြည်သူတွေက ဒေါ်စုစကား နားထောင်ပြီး မဲ မထဲ့ ဘဲ နေကြ လို့ မဲ ရုံ တွေ မှာ လူ မရှိသလောက် ခြောက် ကပ် နေတာ။ ဒါ ပေမယ့် ဘယ် က ရောက် လာ မှန်း မသိတဲ့ မိုးကျရွှေကိုယ် ကြိုတင် မဲ တွေက အ ထုပ်လိုက် ရောက် ရောက် လာ ပြီး မနိုင် နိုင် အောင် လုပ် သွား ကြ တာ နော်

“အဲဒါ ပေါတာကြီးက နှပ်ကြောင်းရော၊ တံတွေးကြောင်းရော ပေးထားတာ။ နိုင် ငံ တော် ပေါ် လစီ။ ဖွတ် ပါတီ ရှုံးလည်း နိုင် ရ မည် ဆိုတာပေါ့ ဂျီးဒေါ်ရ။ ‘နေ့ နိုင် ည ရှုံး ၂၀၁၀ မဲ ဘုန်း’ လို့ တောင် ပြောစမှတ် တွင် သွားတာလေ ဟီးဟီး”

“အင်း ကမ္ဘာ့  ရွေး ကောက် ပွဲ သမိုင်း မှာ တခါ မှ မကြားဘူးတဲ့ ညစ်နည်းတွေ ကြောင့် ကမ္ဘာ မှာ မြန်မာဟေ့ လို့တောင် ကြွေး ကြော် ရ တော့ မလို ဖြစ် နေဘီ နော်၊ ဒွတ်ခ… ဒွတ်ခ…”

“ဒီ မှာ ကြည့် … ဂျီးဒေါ်။ ဒါ သူတို့ အစိုးရထုတ် သတင်းစာ။ ၁၃ ၁၁ ၂၀၁၀ မြန်မာ့ မလင်း ထဲက အချပ် ပို(က) မှာ ကြည့်။ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း တဦးချင်းစီ၏ ဆန္ဒမဲ ရရှိမှု အခြေ အနေ ဆိုတာမှာ။ ကယားပြည်နယ် ဘော်လခဲ မဲဆန္ဒနယ်မှာ
မဲဆန္ဒရှင် ဦးရေက (၅၅၆၄) ယောက်။
တကယ် မဲ လာထဲ့တဲ့သူက (၁၁၉၅) ယောက်။
ဟဲဟဲ ကြို တင် မဲ က (၄၈၆၆) ယောက်။
ကဲ … မဲ လာထဲ့တဲ့သူထက်တောင် ကြိုတင်မဲက များနေသေးတယ်။ ဒါ နမူနာ ရှိသေးတယ်။ ဒါမျိုးတွေ အများကြီး။ ကြိုတင် မဲ တွေ ဘုန်း ဘော လအောနဲ့ လုပ်ချင် တိုင်းလုပ်ပြီး အနိုင် ယူထားတာ။ သူတို့ တရားဝင် ပြတဲ့ စာရင်းတွေထဲမှာကို အတိုင်းသားမြင် နေရတယ်။ ဦး ငါရလေပန်းရဲ့  နေပြည်တော်က
သေနာ သီရိ မဲဆန္ဒနယ်မှာဆို
မဲပေးနိုင်တဲ့ မဲဆန္ဒရှင်ဦးရေက (၆၂၇၅၆)။
မဲ လာ ပေးသူ က (၃၈၅၇၂)။
ကြို တင် မဲ က (၂၁၉၃၁)။
ကြို တင် မဲ တွေ ဒီလောက် များတာ လုံးဝ မရိုး သားဘူး ဗျ´

“အေး လေ … အားလုံးက မဲလိမ်၊ မဲဘုံး၊ မဲသူခိုး လို့ ပြောနေကြတာရှက်ဘဲ မရှက် ကြဘူး။ ယိုသူ မရှက် မြင်သူရှက် နေရတယ် အံ့ဖွယ်သုတပါဘဲတော်”

“ဂျီး ဒေါ် ကသာ ရှက် နေ။ ပေါ ၏တာကြီး တို့ အဖွဲ့  ကတော့ တတိုင်းပြည်လုံး ဖွတ် ပါတီ က (၈၀%)ကျော် နိုင်လို့ အောင်ပွဲခံဖို့ ရက်သတ်မှတ်နေပြီ… တဲ့။ ဒါတောင် ပေါတာကြီးက ငယ် ငယ်က သင်္ချာ ကောင်း ကောင်း မသင်ခဲ့ရလို့ (၁၉၉၉၉%) နဲ့ နိုင်တယ် ကြေညာမယ် လုပ် နေတာ သူ့မြေးတော်လေး ဖိုးလောက်လန်းက ‘ဘကြီးတော်ဘုရား ၁၀၀ % ထက် ကျော် လို့ မရ ပါဘူး ဘုရား’ ဆိုပြီး မနည်း တားထားရတယ် တဲ့”

“ဟိ … ဒါ နဲ့ ဘယ် နေ့ များ အောင် ပွဲ ခံ ဖို့ ရက် ရွေး ထားသလဲ။ ဝေဒ ဗေဒင် အကြား အမြင် ဆရာ ဘိုးတော် ဘွားတော် (အမလေး မော လိုက်တာ)တွေ က ရက် ရွေး ပေးတာ ထင်တယ်နော်”

“အော် ပေါတာကြီး ကိုယ် တိုင် သေသေချာချာ ရွေး ထားတာ တဲ့။ ပညတ် သွား ရာ ဓာတ် သက် ပါ အောင်။ မဲ သူခိုးကြီးတွေ အောင် ပွဲ ခံ မှာ မို့ လာမယ့် တန် ဆောင် မုန်း လပြည့် ကျော် (၁) ရက် သူခိုးကြီးနေ့ ကို ရွေးထား သတဲ့ ဗျာ”

“ဟေ … ဒါဆို တို့ပြည်သူတွေကလည်း ကျီးမနိုးပွဲ ကျင်းပတဲ့ အနေနဲ့ ဒင်း တို့ အိမ် ရှေ့ တွေ မှာ `မဲသူခိုး´ ဆို တဲ့ ဆိုင်းဘုတ်ကြီးတွေ သွား ချိတ် ထား ရမယ်။ မကောင်းဘူးလား သာဂိ…”

“ဟားဟားဟား … ကောင်းတယ် ဂျီးဒေါ်။ ဒါပေမယ့် မြန်မာ့ ရိုးရာ ချစ်စရာ ကျီးမနိုးပွဲလေးကို နှမျော လို့ `ခြင်္သေ့မနိုးပွဲ’ လို့ လုပ်လိုက် မယ်။ ခြ င်္သေ့ တွေ တခါတည်း မနိုး သော အိပ်ခြင်းနဲ့ အိပ်စက်သွားစေသော်ဝ်”

No comments:

Post a Comment