Tuesday, January 4, 2011

Hlutt Taw in other word

“အဟိလွှတ်တော်”
ဂျော်ဒီး
ဇန်န၀ါရီ ၅၊ ၂၀၁၁

“ရော့ ဂျီးဒေါ် … ဗဟု သု တအလို့  ငှာဖတ်ဖို့ ဂျာနယ်တွေ မြို့ က ၀ယ်လာတယ်။ အဲဒီမှာ ရွေးဂေါက်ပွဲ အလွန် ကာလ လွှတ်တော်တွင်း လွှတ်တော် ပြင်ပ နိုင်ငံရေး အခြေ အနေတွေ အတွက် ပြင်ဆင်နေကြတဲ့ သတင်းတွေဗျ”

“ဟေ … နင့်ရွေးဂေါက်ပွဲ ဇာတ်လမ်းကြီးကလည်း ပြီးသေး ဘူးလား ဟဲ့…”

“အဲ ဒါကြောင့် ဂျာနယ်တွေ ဖတ်ပါ ပြောနေတာပေါ့။ ရွေးဂေါက်ပွဲ ပြီးရင် ရွေးဂေါက်ပွဲ အလွန် နိုင်ငံရေးတွေ…”

“နင့် ရွေးဂေါက်ပွဲက လွန်ယုံမက တဖက် ကမ်းပဲ ရောက်ရောက် စိတ်မ၀င်စားပါဘူးဟယ်။ ဘာ များ ထူး လို့ တုံးဒီ မျက်နှာကြီးတွေဘဲ နေ ရာ တကာ မြင်နေရ ဦး မှာ။ အော့ နှလုံးနာစရာ။ ကဲပါ …… စာရွက်ရေ များများ ပါတဲ့ ဂျာ နယ် ဘဲ ပေး။ ဈေး ထုပ် ရမယ်။ ပိသာချိန် နဲ့  ရောင်း စား ရမယ်…ဒါဘဲ။ ´

“ခက် ပါ ဖိ … ဂျီးဒေါ်ရယ်…။ ၂၀၁၀ ရွေးကောက်ပွဲရဲ့  အရွေးကောက်ခံ အမတ် မင်း ကြီးတွေ ဂျီးဒေါ်တို့ အသည်းကြားက မဲပြားတွေကို အတင်း ခိုးယူပြီး ဟတ်ချလောင်း လုပ်၊ အနိုင် ယူ သွားတဲ့ ဖွတ် ကိုယ်စားလှယ် အမတ်ကြီးတွေ။ မလိမ့် တပတ် အတု လုပ်သွားတဲ့ အမတ် မင်းတွေက ဂျီးဒေါ်တို့ ပြည်သူတွေကို ပေးထားတဲ့ ကတိတွေ အတွက် လွှတ်တော်ထဲမှာ ဘာတွေများ လုပ်ပေး မလဲ မသိချင်ဘူးလား…”

“ကဲ… ဒါဖြင့်လဲ ဖတ် ကြည့် ရအောင်။ ကုန်ဈေး နှုန်းတွေ ကျအောင် လုပ်ပေး မယ် တဲ့ လား။ တနေ့မှာ (၂၅) နာရီ မီးတွေ လာအောင် လုပ်ပေး မယ် တဲ့ လား။ ဒါ မျိုးတွေ ကျုပ်တို့က ခံရပေါင်း များလို့ ရိုး…ဟိုးဟိုး………… နေပြီ ငါ့တူ။ ဒီ ထက် စိတ် ၀င်စား စရာလေး များ……”

“ကျနော် လည်း ခု မှ မြို့  က ၀ယ် လာတာ ဆိုတော့ အတူတူ ဖတ်ကြည့် ကြ တာပေါ့……”

“ဟောဒီမှာ သာဂိ ရေ … အမတ်မင်း တချို့နဲ့ပါတီ တချို့က နိုင်ငံတကာရဲ့ စီးပွါးရေး ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးဖို့ လွှတ်တော်ထဲမှာ အဆိုပြုလွှာ တင် မတဲ့။ စိတ် ၀င် စားစရာ။ တို့ပြည်သူတွေ စားဝတ်နေရေးတွေ ပို အဆင်ပြေလာမလား………”

“စီး ပွါးရေး ပိတ် ဆို့ မှုတွေ လုပ် ထားတဲ့ ကြား က တိုင်းပြည် ရဲ့  သယံ ဇာ တတွေကို နည်းမျိုးစုံနဲ့ ထုတ်ရောင်းနေကြလို့ ပေါတာကြီးတို့ တဖွဲ့  လုံးရဲ့  အိပ် ကပ် ထဲ ဒေါ်လာတွေ လှိမ့် ၀င်နေတာ။ ကျနော်တို့ ပြည်သူတွေ အငွေ့ တောင် မရှူ ရ တာ ဂျီးဒေါ်ရယ်……။ တိုင်းသူ ပြည်သားတွေကတော့ စီး ပွါးရေး ပိတ် ဆို့  ဆို့ …… မဆို့ ဆို့… ဒုံ ရင်း က ဒုံ ရင်းပါဘဲ ဗျာ။ စီး ပွါးရေး ပိတ် ဆို့ တာတွေ ရုပ်သိမ်းရင် သူတို့ အိပ် ကပ် ထဲ ဒေါ် လာတွေ ခုထက် ပို လှိမ့် ၀င် လာမယ်။ ခုထက် ပို ချမ်းသာလာမယ်……”

“ဟင်းးးးး”

“တခုတော့ ရှိတယ်…။ ခု န အမတ် မင်းတွေ နဲ့  ပါ တီတွေ က ပါ တီ ရေ ရှည် ရပ် တည် နိုင် ဖို့ စီးပွါးရေးတွေ အရင် လုပ်တော့ မယ်။ ကုမ္မဏီတွေ ထောင်တော့ မယ် ။ အဲဒီတော့ သူတို့တွေ စီးပွါးရေး လုပ်ပိုင် ခွင့်တွေရမှ အင်အား ရှိလာမှ… ဟိုးးးး နောက် လာမယ့် လွှတ်တော်တွေထဲ ကျရင် ဂျီးဒေါ် တို့  ပြည် သူတွေ အတွက် လုပ်ပေး မှာပေါ့ ဗျာ။ ဆန္ဒတွေ …… မစော ကြ ပါ နဲ့။ ဟီးဟီး……ဘယ်တော့လဲတော့ ကျနော်လည်း သိဘူးလေ။ ”

“အေး ပါ ဟယ်…… အေး ပါ……။ ကျေးဇူး ကြို တင်ထားပေးရဦးမှာလား”

“အမယ်…… ဒီ တသီးစား ပုဂ္ဂလ အမတ်ကြီးက ခုလွှတ်တော်ထဲကျရင် နိုင်ငံရေး ပြုပြင် ပြောင်းလည်းရေးတွေထက် စီးပွါးရေး လူမှုရေး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရေး ကျန်းမာရေး အချစ်ရေး အိမ်ထောင်ရေး……”

“ဟဲ့ ……… သာ ဂိ ရယ်… ဗေဒင်ကြော်ညာ နဲ့  များ မှားနေတာ လား…”

“ဟီးဟီး…… လွှတ်တော် လုပ်ထုံး လုပ်နည်း ပရို စီ ဂျာတွေကဖြင့် မထွက်သေးဘူး။ ခမျာများ ပြည်သူ့ အကျိုး ဆောင် ချင် လွန်း လို့ ပြင် ဆင်နေ လိုက် ကြတာ။ တော် ကြာ…… တီ ထွင် ပါ ရဂူ ပေါတာကြီး က ဘယ်နိုင် ငံ မှာ မှ မရှိ ဘူးသေးတဲ့ လွှတ်တော် လုပ်ထုံး လုပ် နည်း အသစ်တွေ တီထွင်ပြီး လွှတ်တော်ထဲမှာ အမတ်မင်းများ ပါးစပ် မဟရ … တို့ ဘာတို့ လုပ် ချ လိုက်မှ ကမ္ဘာ ကျော်သွားဦးမယ်”

“အေးနော်…။ သူတို့ကသာ လွှတ်တော်ထဲမှာ တင်ပြဖို့ ဥပဒေကြမ်းတွေ ဥပဒေနုတွေ သံကုန် ဟစ်နေကြတာ။ ဟို … ၇၀% ကျော် အနိုင် ကျင့်ထားတဲ့ ဖွတ် ပါ တီ ကိုယ်စားလှယ် အမတ်မင်းကြီးတွေ ရဲ့  အသံလေးများ ကြားတောင် မကြားရဘူးနော်”

“အော် …… ဂျီးဒေါ် ရယ်။ သူတို့ ခေါင် ချုပ် ပေါ တာကြီး ကိုယ်တိုင်က ပြော ထား ပြီးသား။ တိုင်းပြည်မှာ ကဏ္ဍ အား လုံး ဖွံ့  ဖြိုးတိုး တက်နေပြီ။ နောက် တက် လာမယ့် အစိုး ရ သစ်တွေ အမတ်မင်းတွေ ဘာမှ လုပ် စရာ ပြောစရာ မလိုအောင် အကုန် လုပ်ပေးထားတာ ပေါ တာ ကြီးရဲ့ စေတနာတွေလေ”

“ဟယ်သာ ဂိဒီ မှာကြည့် စမ်း။ ပေါ တာကြီးတပည့် စီး ပွားရေး သမားကြီး ဦးလေပွက အင်းစိန်ထောင်ကြီးကို ၀ယ်တော့ မယ်တဲ့တော်…။ ကလေးတွေ လိုမို နို ပိုလီဆော့နေတာ များလား…”

“အင်း…… ပြီး ရင် … တနိုင်ငံလုံးက ထောင်တွေကို ဆက် တိုက် ၀ယ်တော့ မှာ တဲ့ ဗျို့ …… ဒီမှာ … ရေးထားတယ်”

“ဟေ…… ဟုတ်လား။ ကောင်းလေစွ…… ဒါဆို ထောင်တွေ ထဲ က နိုင်ငံရေး အကျဉ်းသားတွေ လွှတ်တော့ မယ် ထင် တယ်။ လွှတ် ပါစေတော်…… မြန်မြန်။ မတရား အဖမ်း ခံ ထား ရ ရှာသူတွေ…”

“ဆက် ဖတ်ပြမယ်…… လျှပ်စီးလက် ဂျာနယ် မှာ ရေးထားတာ။ သူက အတွင်းသတင်းတွေ ရတတ်တယ်။ ထောင်တွေကို ၀ယ်ရတဲ့ အကြောင်းရင်းက ပေါတာကြီး အကြံ တဲ့။ ဒေါ် စု က (၂၁) ရာစု ပင် လုံ ညီလာခံတို့ အင်တာနက်ကွန်ယက်တွေ ချိတ်ဆက်မယ် တို့တွေ လုပ်နေတော့ သူကလည်း အားကျမခံ။ ကမ္ဘာမှာ ဘယ် နိုင်ငံ မှ မလုပ်သေး တဲ့(၂၁) ရာစု လွှတ်တော် ခေါ်မလို့ တဲ့……။ ထောင်တွေ ၀ယ်ပြီး ထောင်တွေထဲ မှာ အင် တာနက်တွေ ချိတ်ပေး မယ်။ လွှတ်တော်ကိုယ်စားလှယ် ကြီးတွေကို ထောင်တွေထဲ ထဲ့ထားပြီး ထောင် အချင်းချင်း ကွန်ယက်တွေ ချိတ်ပြီး ထောင်တွင်းမှာ လွှတ်တော် ကျင်း ပပေး မှာ တဲ့ ဗျားး”

“ဖြစ် နိုင် ပါ တယ်။ လျှပ်စစ်မီး ကလည်း မလာ နင်တို့ ပြောပြောနေတဲ့ အင်တာနက် မြန်နှုန်းတွေ ကလည်း လိပ်ဘိုးအေ ဆိုတော့။ ဒါနဲ့  အဲဒီ လွှတ်တော် ဆိုတာကြီး က ဘယ်ရက်ကို ခေါ်မှာတဲ့ တုံး”

“အဲ ဒါ လဲ လျှပ်စီးလက် ဂျာနယ် ကဘဲ အတွင်းသတင်း ကြား ထားသတဲ့။ လျှပ်စီးလက် ဂျာနယ်
အယ်ဒီတာချုပ်ကိုယ်တိုင် ပေါတာကြီးနဲ့ မာမီကွိုင်တို့ လွှတ်တော်ကိစ္စ အတွင်းသတင်း ပြောနေတာကို နားနဲ့ ဆတ်ဆတ် ကြား လာ တာ တဲ့။ ဒီ မှာ ရေးထားတယ်။ မာမီ ကွိုင်က ပေါတာကြီးကို ပြောတယ်တဲ့…”

“ဟေ …… ဟုတ်လား…။ ဘာတဲ့ လဲ…”

“အဟိလွှတ်တော်” တဲ့ဗျ။ `အ´ ဆိုတော့ တနင်္ဂနွေ နံ(၁)။
`ဟိ´ ဆိုတာက သောကြာ နံ (၆)။
လွှတ် ဆိုတာက ဗုဒ္ဒဟူး နံ(၄)။ တော် ဆိုတာက စနေနံ (၇)”

သာဂိ တယောက် မျက် လုံးလေး ပေကလပ် နဲ့ လွှတ်တော် ကျင်းပမယ့် ရက်ကို တွက်နေတုံး ဂျီးဒေါ် တယောက် ဟိုးခေတ်က ဆရာသော်တာဆွေ ရဲ့  အဟိ ဂျာနယ် ထဲက အပတ်စဉ် ကဏ္ဍတခု ဖြစ်တဲ့ “အဟိလွှတ်တော်” ကဏ္ဍ ရဲ့ ကာတွန်း သရုပ်ဖော်ကွက်ကလေးကို ပြေးမြင်ယောင်မိတယ်။ ကာတွန်း သရုပ်ဖော်လေးထဲမှာ မိန်းမပျိုလေးတယောက်ကို ယောက်ျားကြီး တယောက်က အတင်း ဆွဲ လွဲနေတော့မိန်းမပျိုလေးက ပြုံးစနဲ့ နဲ့ သဘောကျတဲ့ အမူ အရာနဲ့ ရုန်းနေတဲ့ပုံလေး ဘေးမှ “အဟိလွှတ်တော်” ကဏ္ဍ တဲ့။ သူ့ အဟိ လွှတ်တော် မှာတော့ ဘာတွေ ဆွေးနွေးတယ် မမှတ်မိ။ မိန်းမပျိုလေးနဲ့ ယောက်ျားကြီးပုံ အစား မာမီကွိုင် နဲ့ ပေါ်တာဂျီးပုံကြီး အစားထိုး မြင်ယောင်ရင်း `ခွိ´ကနဲ ရီ မိတော့ သာဂိ က-

“မကြီးမငယ် နဲ့  ဘာတွေ အူ မြူးနေတာလဲ။ ဒီ မှာ အရေး ကြီးတဲ့ လွှတ်တော် ကျင်းပမယ့် ရက် တွက်ချက်နေတာကို……” လို့ လှမ်းဟောက်နေသေးတယ်။

သနား ပါ ဘိ မောင်သာဂိရယ်။ ။

No comments:

Post a Comment