Monday, January 17, 2011

let them go to hell

“သူတို့ ကိုလည်းပြန်ပို့ ပါ”
ဂျော်ဒီး
ဇန်န၀ါရီ ၁၈၊ ၂၀၁၁သရုပ်ဖော် ဘီရုမာ

“ဒီ မှာ သုံးပင်အိမ် တလုံး ကောင်းကောင်း မိုးလို့ ရတယ်။ သုံး သောင်း ဘဲ ပေး။ ဂျီးဒေါ် သွပ် ၀ယ်မိုးရင် ဒီ ထက် မက ကုန်မှာနော်။ ဂျီးဒေါ် အိမ်ခေါင်မိုး ပေါက်ပြဲနေတာ မြင်တောင် မကောင်းတော့လို့ ဒီက စေတနာနဲ့ ပြောတာ သိလား”

တပ်ကြပ်ကြီး ကတော် ဒေါ်ပိန်မ က လက်ထဲက မိုးကာဖျင် အထုပ်လိုက်ကြီးကို ထိုးပေးရင်း ပြောလာသည်။ ဂျီးဒေါ်တို့မြို့ ကလေး က စစ်တပ်နားက မြို့ကလေး ဆိုတော့ ဒေါ်ပိန်မတို့လို စစ်တပ်ထဲမှ ပေါချောင် ပစ္စည်း ပြန် ထုတ်ရောင်းသူတွေရဲ့ ဈေးကွက်တခု ပင်။

“ဟယ် --- ဒီ မိုးကာဖျင် အရောင်မျိုး တခါမှ မမြင်ဖူးသေးဘူး။ ခါတိုင်းလို စစ်ရောင်လဲ မဟုတ်ပါလား။ အသားကလည်း ထူ သား ဘဲ။ တရုတ် ပစ္စည်း လား။ ”

“ဘယ် က လာ၊ ဒါ ယူအက်စ်အေ အစစ်။ ဒါမျိုးက ရခဲတယ်။ မုန်တိုင်း များများ တိုက်ပါစေ ဆုတောင်း”

``ဟင် --- ဒါဆို နာဂစ် တို့၊ ဂီ ရိတို့ ကယ်ဆယ်ရေး ပစ္စည်း တွေပေါ့။ ဒုက္ခသည်တွေကို နိုင်ငံတကာက ထောက်ပံ့တဲ့ ပစ္စည်းတွေ ဘယ်လိုလုပ် ဒေါ် ပိန်မ ဈေးကွက်ထဲ ရောက် လာသတုံး။ အင်း - ဒု က္ခ သည် တွေ ပါးစပ်ထဲက အစာ ဆို ဈေးဘယ်လောက် သက်သာ သက်သာ မ၀ယ်ချင်ပါဘူးတော်”

“မ၀ယ်ချင်လဲ လျှာ ------ ရှည်မနေနဲ့ ဂျီးဒေါ်။ ကျုပ်တို့ ရဲဘော်တွေ ခိုးတာက ဒီလောက် ကလေးရယ်။ ဟိုး ---------------- အပေါ်က လူ ဂျီး တွေ ခိုးတာက ဒီထက် ပိုဆိုးသေး။ ကျုပ် တို့ ရဲဘော်တွေလည်း ငတ် လွန်း လို့ လုပ်ရတာ။ တော်ဘီ၊ သွားမယ်။ ဒေါ် စပ်စု။ ပါးစပ် ပိတ်ထား ---ဟွန်း”

စိတ်ဆိုး မာန်ဆိုးနဲ့ ထွက်သွားတဲ့ ဒေါ်ပိန်မကို ကြည့်ရင်း ဂျီးဒေါ် စိတ် မကောင်းပါ။ သူ့ယောက်ျား တပ်ကြပ်ကြီး ခမျာ ခြေတဖက် မရှိသော်လည်း တပ်ထဲက ထွက်မရသေး။ မနက် မိုးလင်းလျှင် တပ်ထိန်းလို ယူနီဖောင်း အပြည့်အစုံ ၀တ်ပြီး တပ်ရှေ့ ကင်းတဲတွင် ဂိတ်စောင့် တာဝန် ယူရသည်။ ကင်းတဲထဲတွင် ထိုင်နေသော သူ့ကို အဝေးမှ ကြည့်လျှင် ခြေတဖက် မရှိသူမှန်း မသိ။

တပ်ထဲတွင် အောက်ခြေ တပ်သားတွေ ရှားလှသည်ကို ဂျီးဒေါ်တို့ စစ်တပ်နား နေသူတွေ အသိ။ တပ်ထဲမှ ပြေးသူ အောက်ခြေ ရဲဘော်တွေ ကလည်း အများ အပြား။ ရတဲ့ လစာနဲ့ မလောက်ငှသဖြင့် ဗိုလ် အဆင့် တွေ တောင် လွယ်လွယ်ကူကူ အိမ်ထောင်မပြုရဲသော ခေတ် ကြီး ပင်။

အဲဒီတော့ ဒေါ်ပိန်မ တို့လို မိန်းမတွေက စစ်တပ်ထွက် စစ်ခြင်ထောင်၊ စစ်စောင်လို ပစ္စည်းတွေ၊ တပ်ထဲက ရာရှင်ရတဲ့ပစ္စည်းတွေ ကောက်ပြီး ပြန်ရောင်းတဲ့သူက ရောင်း။ အင်ဖက်ကြွေတွေ ကောက်ပြီး အင်ဖက် ရောင်းသူကရောင်း။ တချို့ မိန်းမတွေ ခမျာ ယောက်ျားတွေ ရှေ့တန်း ထွက်ချိန်မှာ ဖြစ်သလို ရှာဖွေ စားသောက်ရင်း အတောင်မပါတဲ့ကြက်ဘ၀ကို ရောက်။ အောက်ခြေ တပ်သား ရဲဘော် မိသားစုတွေ ဆင်းရဲကြရှာတာ မြင်တွေ့နေရတာ စိတ် မချမ်းသာစရာ။ သူတို့ရဲ့ မွေးကင်းစ ကလေးလေးတွေဆို အာဟာရပြတ် ပိန်ချုံး ချိနဲ့ပြီး ငိုရင်တောင် အသံ မထွက်တော့။ သတင်းစာ ရှေ့ မျက်နှာဖုံးက ၀၀ ဖီးဖီး ပုဂ္ဂိုလ် ကြီး တွေနဲ့များ ကွာပ လို့ ဟိုဟိုဒီဒီ တွေး နေတုံး

“တောက် ---ဒီ ကိစ္စ ကတော့ တိုင်းသူ ပြည်သားကို စော်ကားလွန်းနေဘီ။ ငါတို့ လုပ်ချင်ရာ လုပ်မယ် ဆိုတဲ့ သဘော ဘဲ။ သူတို့ ဖာသာ လုပ်ချင်တိုင်း လုပ်ထားတဲ့ ရွေးကောက်ပွဲက ပေါ်လာတဲ့ လွှတ်တော် ဆိုတာဂျီးကိုတောင် သောက်ဂရု မစိုက်ဖူး ဆိုတဲ့ သဘော။ လွှတ် တော် ထဲ ကျရင် ဘာလုပ်မယ် ညာလုပ်မယ် ဆိုတဲ့ အမတ်မင်းတွေ ဘာတတ်နိုင်သေးလဲဟင်”

“ဟဲ့ --- သာ ဂိ။ ဘာဖြစ်လာတာတုံး။ စိတ် လျှော့၊ စိတ် လျှော့ ။ အကျဉ်းသားတွေ ရှေ့တန်းကို ပေါ်တာ ပါနေလို့ ထောင်ထဲမှာ နေရာတွေ ချောင်နေတယ် တဲ့။ စကား ပြောလေး ဆင်ခြင်”

``ကံ ကို ဆိုး ပါ တယ် ဗျာ။ မနေ့ တနေ့ က မှ အသက် (၄၀) ပြည့်လို့ လူ့ ဘ၀ စပြီဟဲ့ လို့ ကြွေးကြော် နေတာ။ ခုတော့ အသက် (၁၈) နှစ် ကနေ (၄၅) နှစ် အတွင်း ယောက်ျားတိုင်း စစ်မှုမထမ်း မနေရ အမိန့် ထုတ်လိုက်တော့ ကျုပ် တို့ က ကပ် ပါ နေပြန်ဘီ လေ။ ဟင်းးးးး”

“ဟင် --- ဟုတ်လား။ ဘယ်က ကြေညာသွားတာလည်း ။ နိုင်ငံပိုင် သတင်းစာတွေကလား။ မြန်မာ့အသံတို့ အမ်အာ တီ ဘီ တို့ က ကြေညာ သွားတာလား”

``ဟာ --- ဂျီးဒေါ်ကလည်း ဒီ လို အရေး ကြီးတဲ့ တတိုင်းပြည်လုံးနဲ့ ဆိုင်တဲ့ သတင်းမျိုးဆို နိုင်ငံပိုင် သတင်း စာတွေ အသံလွှင့် ဌာနတွေကနေ မကြေညာ ဘူး ဗျ။ ကလေး ကအစ ခွေးအဆုံး ဘယ်သူ မှ မယုံ ကြ လို့ လားတိုင်းသူ ပြည်သား ကို ဂရုမစိုက်တဲ့ သဘောလား။ သူခိုးကျင့် သူခိုးကြံ ပြီး အမိန့် ပြန်တမ်း ထုတ်ထားတာကို ဂျပန် သတင်း ဌာန တခု ကနေ တဆင့် အသံလွှင့်သွားလို့ သိရတာ ဗျ”

“အင်းးး လူတိုင်း စစ်ပညာ အခြေခံ တတ်ထား ရင် တော့ ကောင်းတာ ပေါ့ဟယ်။ နောက် မို့ဆို စစ်ရေး အတွေ့ အကြုံ ရှိ လို့ တို့၊ ဘာတို့၊ ညာတို့ ဆိုပြီး အခွင့် အရေး ပိုယူချင် တိုင်း ယူလို့ မရဘူးပေါ့။ ”

“ထပ်သရီး အထင် ကြီးမနေနဲ့ ဂျီးဒေါ် ။ တကယ့် စစ်ပညာ သင်ပေးမှာ မဟုတ်ဘူး ဗျ။ စစ်အမိန့် နာခံနည်းဘဲ သင်ပေးမှာဗျ။ ”

``ဘာဘဲ ဖြစ်ဖြစ်။ ငါ တော့ စိတ် ၀င်စားတယ်။ အမျိုးသမီးတွေကော မခေါ်ဘူးလားဟေ”

“ခေါ် တယ်ခေါ် တယ်။ အသက် (၁၈) နှစ် ကနေ(၃၅) နှစ် အတွင်း အမျိုး သမီးတွေ လည်း စစ် မှု မထမ်း မနေ ရ တဲ့ ဗျား”

“ဟယ် ဒါ ဆို ငါ့ တို့လို အသက် (၇၀) ကျော် တွေ မပါ ဘူးပေါ့။ ငါ လည်း စစ် ပညာ အခြေခံတတ် ထားချင် သေးတာပေါ့”

“ဘာလဲ ဂျီးဒေါ်က စိတ် မကောင်း ဖြစ်နေတယ် ပေါ့။ ဂျီးဒေါ်က (၇၀) ဆိုတော့ (၃၅) နှစ် ရဲ့ နှစ်ဆ။ အမျိုးသမီး တပ် ချုပ် ကြီး လုပ်ပေါ့ ဗျာ။ ကျိုက် ထီး ရိုး သေနတ် ကလေး ဘာ လေး ၀ယ်ထားဦးဟီးဟီး။ နေဦး ဗျအသက် (၇၀) ကျော် လို့ အားမငယ်နဲ့။ သူတို့ ချုပ် ချုပ် ကြီး ဆို အသက် (၈၀) နား နီးနေပြီ။ ”

“အင်း နော် --- အားတက် လာပြီ၊ ကမ္ဘာမှာ မြန်မာဟေ့။ ဘယ်နိုင်ငံမှာမှ အဲလို အသက် ကြီးကြီး ချုပ်ချုပ်ကြီးတွေ ရှိဘူး ထင်တယ်”

``အဲဒါပေါ့ ဂျီးဒေါ် ။ သေကာနီးကြီးတွေက ရှေ့ကပိတ်ထား။ နောက်ကလည်း တနှစ်တနှစ် မွေးထုတ်နေတဲ့ ဗိုလ်လောင်း၊ အရာရှိ လောင်း၊ အကြပ် လောင်း တွေ။ အဲ ဒီ တော့ ဗိုလ် တထောင်တပ် မဟုတ်တော့ ဘူး ၊ဗိုလ် ကုဋေ ကုဋာ တပ် ဖြစ် နေပြီ။ အောက်ခြေ တပ်သားက မရှိ။ ရှိပြီး သားတပ်သားတွေ က ငတ် လို့ တပ်ကပြေး။ တပ်ဖွဲ့စည်း ပုံ ပြည့်အောင် တပ်သား လိုချင်လို့ ကလေးပါမကျန် စစ်သားစုဆောင်း။ ကလေးစစ်သား ပြသနာကလည်း အကျည်းတန် လာလွန်း လက်ညှိုး ထိုးခံရပါ များလွန်းလို့ ။ အခုလို နိုင်ငံသားတိုင်း စစ် မှု မထမ်း မနေရ အမိန့်ထုတ်ပြီး တနိုင်ငံ လုံး ကို တရားဝင် စစ်သား စုဆောင်းတာဘဲ ဗျို့။ ပြောရင်း ဒေါသတွေ အချောင်းလိုက် ထလာပြီနော် -- ဟင်းးးးး”

“အော် --- သာဂိရယ်။ ဒေါသတွေ မထွက်ပါနဲ့ ။ တော်ကြာ ချုပ်ချုပ်ကြီး သာဂိ တောင် ဖြစ်ချင် ဖြစ်နေမှာ။ အဲကျရင် ကိုယ့် ဂျီးဒေါ် တွေလဲ မေ့ မထားနဲ့ ဦး”

“တော် စမ်း ပါဗျာ။ ဒင်း တို့ အာဏာရူးတွေ လုပ် တိုင်း ငြိမ် ခံနေရ မှာလား။ ဒီ တခါ လမ်းပြကြယ်နဲ့တွေ့ ရင် ကလေးစစ်သားတွေ ဘဲ အိမ် ပြန် ပို့ မနေ ပါနဲ့ လို့။ သေကာနီးနေတာတောင် တွယ်ကပ် နေရာ ဖယ်မပေးချင် တဲ့ လူ အို ရွတ်တွ စစ်သားကြီးတွေလည်း အိမ် ပြန် ပို့ကြပါဦးလို့ ပြောရမယ်ဗျို့”

“ဟေ့ နေဦးကွ သာဂိရဲ့။ ပို့စ်မော်ဒန်လွန် ကဗျာတပုဒ် ရပြီ။ ဒီမှာ နားထောင်”

ဆေးလိပ်ဖင်စီခံလည်း ပြာကျ။
သန်းကောင်ယံ လလည်း မှုံပြပြ
ဒင်းတို့ကို ဂုတ်ကဆွဲ
ငရဲသာ ပို့လိုက်ကြပါလေ

(နားမယ်၊ ပြောရတာ မောတယ်)

No comments:

Post a Comment