Monday, February 27, 2012

Gyaw Dee - 2011 Poem


အသစ်စက်စက် သစ်ပင်
ဂျော်ဒီး
ဇန်န၀ါရီ ၁၊ ၂၀၁၂

သစ်ပင် တပင်ဟာ
နှစ်သစ်မှာ
အရာရာ..
အသစ်စက်စက် ဖြစ်ချင် ရှာတယ်..

သွား...ရော်ဝါနေတဲ့  သစ်ရွက်တွေ
ခြွေ..

သွား...ဆွေးမြေ့  နေတဲ့  ကိုင်းခြောက်တွေ
ချိုး...

အိုး..ရှုပ်ပါတယ်
ဖုထစ်ရွတ်တွ နေတဲ့ 
ရေသောက်မြစ်ပါ ..ခုတ်ထစ်
နုတ်နုတ်စင်းပစ်...

လာ..၀င်းလက် အဆင်းမက်စရာ ထင်ရတဲ့ 
သစ်သီး..အသစ်စက်စက် တွေ တပ်ဆင်
သစ်ရွက်..အသစ်စက်စက် တွေ ချပ်ရပ်

ဟော..နှစ်သစ် ရဲ့  နောက်တရက်မှာ
အသစ်စက်စက် သစ်ပင်ဟာ
အသစ်စက်စက်ကြီးနဲ့  လက်ပြ နှုတ်ဆက် သွားရှာပေါ့..။ ။

No comments:

Post a Comment