Sunday, December 27, 2015

ခရိုနီဖြစ်ဖို့ ကျနော်ကြိုးစားမည်

မိုးမခ 

“ခရိုနီဖြစ်ဖို့  ကျနော်ကြိုးစာမည်” (Gyaw Dee)

December 29, 2012
“ခရိုနီဖြစ်ဖို့  ကျနော်ကြိုးစာမည်”
တေးပြု စာဆို “ဂျော်ဒီး”၊ ဒီဇင်ဘာ ၂၉ ၊ ၂၀၁၂
(ခရိုနီဖြစ်ဖို့  ကျနော်ကြိုးစားမည်..
ခရိုနီဖြစ်ဖို့  ကျနော်ကြိုးစားမည်..
အလှူကြီးပေးပါမည်…နောက်တပါးတက်ရင်..ကျနော်အခွင့် ကောင်းမည်..)


(တတိုင်းပြည်လုံးမွဲသော်လည်း…ကျနော်တို့ တတွေ အဆင်ပြေခဲ့သည်..
ခေတ်နဲ့ အညီ ဆင်နွဲလို့ သာ.. အတူတူ ပေါင်းဆော်မည်..
ဘာတွေ  ဂွင်ကောင်းသလဲဗျာ..အပေါင်းအဖော်စုံညီ..
စာရိတ္တဘေးခွါချလို့ …ရတာတွေ အကုန်ယူမည်..ထူးထူးခြားခြား အောင်ပွဲဆင်ခဲ့ပြီ..

ရောင်းမဗျာ..  တတိုင်းပြည်လုံး ..အရေခွံခွါယူမည် …ဘ..နဖူးတူးစရာ
ရှိရင်..အားမနာတမ်းအတည်
အမေ့ ကိုလည်း  ချွဲနိုင်ပါသည်..ပထွေးတော်..လဲ  လှမ်းမျှော်ပါသည်..
ဘာကိုပင် မချန်ပါသည်..လက်ဝါးကြီးအုပ်ကာ ပေါင်းစားမည်..)

(ခရိုနီဖြစ်ဖို့  ကျနော်ကြိုးစားမည်..ခရိုနီဖြစ်ဖို့  ကျနော်ကြိုးစားမည်
ရှက်လည်း မရှက်ပါသည်…အခွင့် အရေး တွေးမျှော်.. ကျနော်အရောင်ပြောင်းမည်.).
မှတ်ချက်။   ။ အဆိုတော် သန်းထွန်းလေးဧ။်  လူရည်ချွန်ဖြစ်ဖို့ 
ကျနော်ကြိုးစားမည်..တေးသွားအလိုက်ဖြင့်  စာသားသွင်း သီဆိုနိုင်ပါတယ်..။
(တေးပြုစာဆို..ဂျော်ဒီး))

No comments:

Post a Comment